ညောင်လေးပင်နားမှာ ဆီဘောက်ဆာယာဉ်တစ်စီးတိမ်းမှောက်

ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ၊ညောင်လေးပင်မြို့နယ်၊ပြွန်တန်ဆာမြို့၊ ပင်းတလဲကျောင်းကွေ့ အနီးတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ စောမျိုးလင်း၊၄၂ နှစ် ၊အမရပူရမြိုနယ်နေသူမောင်းနှင်ပြီး ယာဉ်နောက်လိုက် မောင်သက်၊၃၃ နှစ်၊ မှော်တောကျေးရွာ၊ အရာတော်မြို့နယ်နေသူ လိုက်ပါလာသော ဆီဘောက်ဆာယာဉ်တိမ်းမှောက်၍ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အနီးရှိလူနေအိမ်ခြံစည်းရိုးများကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရပါတယ်။