ဂါဇာဒုက္ခသည်စခန်းအား အစ္စရေးဗုံးကြဲတိုက်ခိုက်

အစ္စရေးတို့ ဒုက္ခသည်စခန်းအား ဗုံးကြဲ အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် Al Jazeera Arabic’s သတင်းဗျူရိုအဖွဲ့ ခေါင်းဆောင် Wael Al-Dahdouh ရဲ့ မိသားစုဝင်၄ ဦး သေဆုံးခဲ့ကြောင်း Al Jazeera ကသတင်းထုတ်ပြန်ထားပါတယ်။ဂါဇာတောင်ပိုင်း မှာရှိတဲ့ Nuseirat ဒုက္ခသည်စခန်းကို ဗုံးကြဲတိုက်ခိုက်မှုမှာ Wael Al-Dahdouh ရဲ့ ဇနီး၊ သား၊ သမီး နဲ့ မြေး တို့ သေဆုံးသွားခဲ့ပြီး အခြား အခြားဆွေမျိုးနီးစပ်တော်စပ်သူများ လည်း အဆောက်အဦ အပြိုအပျက်များကြားမှာ သေဆုံးသွားခဲ့တယ်လို Al Jazeera က ၂၅ ရက်နေ့ ည မှာဖော်ပြထားပါတယ်။ ဒီဒုက္ခသည်စခန်းရှိ ပြည်သူများမှာ ယခင် မြောက်ဖက်ဒေသ ကိုဗုံးကြဲတိုက်ခိုက် ဖို့ရှိလို့ တောင်ဘက်ကို အစ္စရေးစစ်တပ်က ရွှေ့ပြောင်း ခိုင်းထားတဲ့ ဒုက္ခသည်များ ဖြစ်ကြတယ်လို့သတင်းမှာပါရှိပါတယ်။ အစ္စရေး ရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာ မှာနေထိုင်သူ အနည်းဆုံး ၆၅၄၆ ဦး သေဆုံးခဲ့ပြီး ၁၇၄၀၀ ခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ နိုင်ငံတကာသတင်းများမှာဖော်ပြကြပါတယ်။

Auto-converted: အစၥေရးတို႔ ဒုကၡသည္စခန္းအား ဗံုးႀကဲ အစၥေရးတို႔ တိုက္ခိုက္မႈေၾကာင့္ Al Jazeera Arabic’s သတင္းဗ်ူရိုအဖြဲ႔ ေခါင္းေဆာင္ Wael Al-Dahdouh ရဲ့ မိသားစုဝင္၄ ဦး ေသဆံုးခဲ့ေၾကာင္း Al Jazeera ကသတင္းထုတ္ျပန္ထားပါတယ္။ဂါဇာေတာင္ပိုင္း မွာရိွတဲ့ Nuseirat ဒုကၡသည္စခန္းကို ဗံုးႀကဲတိုက္ခိုက္မႈမွာ Wael Al-Dahdouh ရဲ့ ဇနီး၊ သား၊ သမီး နဲ႔ ေျမး တို႔ ေသဆံုးသြားခဲ့ၿပီး အျခား အျခားေဆြမ်ိဳးနီးစပ္ေတာ္စပ္သူမ်ား လည္း အေဆာက္အဦ အၿပိဳအပ်က္မ်ားၾကားမွာ ေသဆံုးသြားခဲ့တယ္လို Al Jazeera က ၂၅ ရက္ေန့ ည မွာေဖာ္ျပထားပါတယ္။ ဒီဒုကၡသည္စခန္းရိွ ျပည္သူမ်ားမွာ ယခင္ ေျမာက္ဖက္ေဒသ ကိုဗံုးႀကဲတိုက္ခိုက္ ဖို႔ရိွလို႔ ေတာင္ဘက္ကို အစၥေရးစစ္တပ္က ေရႊ့ေျပာင္း ခိုင္းထားတဲ့ ဒုကၡသည္မ်ား ျဖစ္ၾကတယ္လို႔သတင္းမွာပါရိွပါတယ္။ အစၥေရး ရဲ့ တိုက္ခိုက္မႈေၾကာင့္ ဂါဇာ မွာေနထိုင္သူ အနည္းဆံုး ၆၅၄၆ ဦး ေသဆံုးခဲ့ၿပီး ၁၇၄၀၀ ခန႔္ ထိခိုက္ဒဏ္ရာ ရခဲ့တယ္လို႔ ႏိုင္ငံတကာသတင္းမ်ားမွာေဖာ္ျပၾကပါတယ္။