မြောက်ကိုရီးယား၏ ပိုင်နက်ကို ထိပါးလျှင် စစ်ပွဲဆင်နွှဲမည်ဟုပြော

မြောက်ကိုရီးယား၏ ပိုင်နက်ကို အနည်းငယ် ထိပါးချိုးဖောက်လျှင်ပင် စစ်ပွဲဆင်နွှမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားကို ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု နိုင်ငံ ပိုင်မီဒီယာက ဇန်နဝါရီ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်များကို စီမံကြီးကြပ်နေသည့် ဌာနများကိုလည်း ဖျက်သိမ်းခဲ့သည်။

မြောက်ကိုရီးယားသည် လက်တွေ့သဘောအရ နှစ်နိုင်ငံပင်လယ်ရေကြောင်းနယ်နိမိတ်ဖြစ်သည့် မြောက်ပိုင်းနယ်သတ်မျဉ်းကို အသိအမှတ်ပြုမည်မဟုတ်ဟု ကင်က ပြောကြားခဲ့ပြီး စစ်ပွဲဖြစ်ပွားလာလျှင် တောင်ကိုရီးယား၏မြိုတော် ဆိုးလ်ကို တိုက်ခိုက်သိမ်းပိုက်ခွင့်ရှိသည့် ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင် ပြောင်းလဲမှုများ ပြုလုပ်ရန်လည်း တိုက်တွန်းခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။