ဦးခေါင်းမညွတ် သက်စွန့်ဆံဖျား

ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် လန်းလန်းစွင့်ကာ ရှိခဲ့ပါ၏ လွန်စွာဆိုးယုတ်၊ နယ်ချဲ့စုတ်၏ မဟုတ်တရား၊ လှည့်စားအကွက် ပြုသည့်အချက်ကြောင့်၊ ကျရောက်ခဲ့ရ ကျွန်ဘဝသို့ အလွန်မှပင် နစ်နာခဲ့ရပြီ ယခုတစ်ဖန်၊ကြုံလာပြန်သည် တွေးကြံစိတ်ပိုင်း၊ နယ်ချဲ့မှိုင်းတို့ မိုက်ရိုင်းစော်ကား၊ ဗာလများက ဘုရားကျောင်းကန်၊ ဖျက်ကြပြန်သည် အမှန်ရင်နာရပါ၏ နိုင်ငံအရေး ပေါက်နှင့်ကျေးသို့ ရှုပ်‌ထွေးခါခါ၊ ခက်လို့လာရ တို့ကတာဝန်၊ ကျေပွန်ဖို့ရာ ရှိခဲ့တာကြောင့်၊ မြန်စွာမနှေး တိုက်ရေးကြွယ်ကြွယ်၊ ပရိယာယ်ဖြင့် မှုန်းခြယ်ရန်သူ၊ နာလန်မထူအောင် ပြုမူကြမ်းစေ၊ မတွေဝေဘဲ တို့တွေနိုင်ငံ၊ စော်ကားမခံရေး ဦးစားပေး၍ တိုက်ရေးရှိက တိုက်ခိုက်ကြစို့။ ဆိုရေးရှိက၊ ပြောကြစို့။ များစွသောင်းသောင်း၊ ပြည်သူအပေါင်းအတွက် ဦးခေါင်းမညွတ်၊ ရွပ်ရွပ်ချွံချွံ တာဝန်ကျေလျက်၊ သက်စွန့်စံဖျား စွန့်စားကြစို့ ရဲဘောတို့..။ ဘိုမျိုး( ရွှေဘို)