တောင်သမန်အင်းအတွင်း အမျိုးသား(၁)ဦး ရေနစ်သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းအတွင်း အမျိုးသား (၁)ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ က ရေငုပ်ရှာဖွေပေးခဲ့ရကြောင်း သိရသည်။အသက် (၅၀) နှစ်အရွယ်ခန့် အမျိုးသား (၁) ဦး ရေနစ်မြုပ် ပျောက်ဆုံးသွားသဖြင့် မိသားစုဝင်များမှ ဆက်သွယ် အကူအညီတောင်းခံချက်အရ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အ့ (မန္တလေးတိုင်းရုံး)မှ Rescue Diver Team (Myanmar) ရေငုပ်ကယ်ဆယ်ရေးအဖွဲမှ ရေငုပ်ရှာဖွေပေးခဲ့ခြင်း ဖြစ်သည်။