မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ တရုတ်နိုင်ငံ ကွမ်းရှီးရုပ်သံ(GXRTV) မှ လာရောက်ရိုက်ကူး

တရုတ်နိုင်ငံ ကွမ်းရှီးရုပ်သံ (GXRTV)မှ ရိုက်ကူးရေးအဖွဲသည် စက်တင်ဘာလ (၇)ရက်တွင် နေပြည်တော် ဒက္ခိဏသီရိမြိုနယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များတွင် စကျင်ကျောက်ဖြင့် ထုဆစ်ပူဇော်ထားသော ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီးသို့ သွားရောက်ဖူးမြော်၍ ဘုရား၊ ကျောင်း၊ ကန်၊ ဗိမာန်၊ ဇရပ်ဆောင်များနှင့်ကျောက်စာများ၊ ပန်းမန်ဥယျာဉ်၊ ရေပန်းနှင့် လမ်း၊ တံတားများတည်ထားမှုကို ရိုက်ကူးရေးဆောင်ရွက်ခဲ့ပါတယ်။