PDF ဘေးရှောင် ပြည်သူတွေကို ဆန်များထောက်ပံ့ပေးအပ်

PDF ရန်ကြောင့် တိုင်းနဲ့ ပြည်နယ်အသီးသီးကနေ ခေတ္တရောက်ရှိ ခိုလုံနေကြတဲ့ ပြည်သူတွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USDP)က သက်သာချောင်ချိရေးဆန်များ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါထောက်ပံ့ခြင်းအခမ်းအနားကို စက်တင်ဘာ ၇ ရက်၊ နေ့လည် ၃ နာရီခွဲက နေပြည်တော်ရှိ ပါတီဌာနချုပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆန်အိတ်စုစုပေါင်း (၁၂၀ ) အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့တာ့ ဆိုပါတယ်။

ယခုထောက်ပံ့မှုနဲ့ဆက်စပ်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက “နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ ထောင်ချောက်ဆင်မှုနဲ့ ကိုယ်ကျိုးရှာ ဝိသမလောဘစီးပွါရေးသမားအချိုရဲ့ ရည်ရွယ်ဆောင်ရွက်ချက်တွေကြောင့် အများပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ အခက်အခဲတွေ ဖြစ်ပေါ်စေရတာပါ” သူ့ရဲ့တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။