တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်း ဝင်ခွင့်လျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းနှင့် ပတ်သက်၍ ထပ်မံရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်

တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ၊ အင်ဂျင်နီယာ သင်တန်းဝင်ခွင့် လျှောက်လွှာများ ထုတ်ပေး/တင်သွင်းခြင်းကို ဇွန်လ ၂၄ ရက်နေ့အထိ နောက်ဆုံးထုတ်ယူ/တင်သွင်းရန် ကြော်ငြာထားရှိခဲ့သော်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ထုတ်ပြန်ပြီးချိန်တွင် စာမေးပွဲအောင်မြင်သူများ ထပ်မံလျှောက်ထားနိုင်ရန်အတွက် လျှောက်လွှာထုတ်ပေး/တင်သွင်းခြင်းအား ဇူလိုင်လ ၁၅ ရက်နေ့အထိ ထပ်မံရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်၍ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင်လျှောက်လွှာများ ဆက်လက်ထုတ်ယူ/ တင်သွင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း၊ အရည်အချင်းစစ် စာမေးပွဲကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ၌ ၂၀၂၃ ခုနှစ်၊ဇူလိုင်လ ၂၄ ရက်နေ့တွင် ဖြေဆိုကြရမည်ဖြစ်ပြီး လျှောက်လွှာထုတ်ယူထားသူများအနေဖြင့် လျှောက်လွှာများအား အချိန်မီ ပြန်လည် တင်သွင်းကြရန် အသိပေးအပ်ပါသည်။