နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာဆိုတော်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အားပေး

နိုဝင်ဘာ ၂၄ရက်က၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် “စာဆိုတော်နေ့” ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတဲ့
စာပေဟောပြောပွဲအခမ်းအနားကို သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊
အမျိုးသား စာကြည့်တိုက်(နေပြည်တော်)၊ ဝန်ဇင်းမင်းရာဇာခန်းမမှာ ကျင်းပပြုလုပ်ခဲ့ရာ စာပေဟောပြောပွဲကို စာရေးဆရာကြီး တက္ကသိုလ် မြတ်သူ၊ စာရေးဆရာမကြီး မစန္ဒာနှင့် စာရေးဆရာကြီး မြင်းမူ မောင်နိုင်မိုး တို့က အသီးသီး ဟောပြောခဲ့ကြပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ စာပေပညာရှင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်အားပေးခဲ့တယ်လို့ သိရပါတယ်ရှင်။