CRPH၊ NUG အားပေးကူညီထောက်ပံ့သူများအရေးယူ

နိုင်ငံတော်တည်ငြိမ်အေးချမ်းနေမှု့ကို ပျက်ပြားစေရန်

ဆောင်ရွက်နေသူများအနေဖြင့်တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင်ပြစ်မှုနှင့် သက်ဆိုင်သည့်ပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းမည်ဖြစ်ပါသည်။

ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း

-ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်နေ အောင်မင်းဆက်ဝေသည်

၎င်းအသုံးပြုသည့် “Aung Min Satt Wai” Facebook အကောင့်၊

-ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ရွာတော်ကျေးရွာနေ မောင်ဝင်းသည် ၎င်းအသုံးပြုသည့် “U Maung Win” Facebook အကောင့်တို့သည်

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရကြောင်းသိရှိရပါတယ်။