မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

လိုလားသူထံမှာသာ နေပါ

ပန်းပင်လေးတွေက
သင့်ရဲ့အချိန်ပေးမှုကို မျှော်တယ် ။

စာအုပ်လေးတွေက
သင့်ရဲ့ အချိန်ပေးမှုကို မျှော်တယ် ။

ကုသိုလ်အလုပ်တွေက
သင့်ရဲ့မမေ့လျော့မှုကို မျှော်ကြတယ် ။

ကိုယ်ဟာ ဘယ်သူတွေရဲ့အပေါ်
အချိန်ပေးပြီးတော့
စိတ်ချမ်းသာစရာရဖို့ ရှာနေတာလဲ ။

ကိုယ်အချိန်ပေးသလောက်
အခွင့်ရေးမပေးခံရဘူးဆိုရင်တော့
စိတ်ဆင်းရဲမခံပဲ နောက်ဆုတ်ပါ ။

ပန်းပင်လေးတွေ စာအုပ်လေးတွေနဲ့
အချိန်ပေးပြီးတော့ နေတတ်ရင်
စိတ်ချမ်းမြေ့ရပြီး အကျိုးရှိပါတယ် ။

ကုသိုလ်ကို အချိန်ပေးပြီးတော့
ဘ၀ကိုတည်ဆောက်ထားရင်
ခုရောနောင်ပါ စိတ်အေးရပါတယ် ။

ကိုယ့်ရဲ့အချိန်ပေးမှုကို
လိုလားမှုရှိတဲ့ ပတ်၀န်းကျင်မှာပဲ
ရှင်သန်နေခြင်းက ပိုကောင်းပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏