ပေါ်တူဂီ- ဂါနာပွဲစဉ်

ပထမပိုင်းမှာ လူများပြီး ပွဲမစည်ဖြစ်နေတဲ့ ပေါ်တူဂီအသင်းဟာ… ဒုတိယပိုင်းအရောက်မှာတော့ ရော်နယ်လ်ဒိုရဲ့ ပင်နယ်တီပြစ်ဒဏ်ကန်ချက်ကနေတစ်ဆင့် အဖွင့်ဂိုးစတင်ရယူခဲ့ပါတယ်… ဂါနာအသင်းဘက်ကလည်း ကူဒက်စ်… ဝီလီယမ်… အာရူး တို့လို့ လျှင်မြန်တဲ့တိုက်စစ်နဲ့ ပြန်လည်တုံ့ပြန်ကစားခဲ့ရင်း ချေပဂိုးတစ်ဂိုးကို သိပ်မကြာခင်မှာ ပြန်လည်ရယူနိုင်ခဲ့ပါတယ်… ဒါပေမဲ့လည်း ဘရူနိုဖာနန်ဒက်စ်ရဲ့ အပိုအလိုမရှိ ဖန်တီးပေးပို့မှုကနေ ဂျာအိုဖီးလစ်က ဦးဆောင်ဂိုးပြန်သွင်းယူနိုင်ခဲ့ပြီး…. နောက်ထပ်မိနစ်အနည်းငယ်အကြာမှာတော့
လူစားဝင်ကစားသမား လီယိုက ဘရူနိုဖာနန်ဒက်စ်ရဲ့ပေးပို့မှုကို အကောင်းဆုံးထပ်မံသွင်းယူနိုင်ခဲ့ပါတယ်…ဂါနာအသင်းအတွက် နောက်ထပ်ချေပဂိုးတစ်ဂိုးကိုတော့ (89)မိနစ်အရောက်မှာ ဘူကာရီက သွင်းယူပေးနိုင်ခဲ့ပါတယ်…
အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုအနေနဲ့လည်း ပွဲကစားချိန်မိနစ်(80)ကျော်အထိ ပါဝင်ကစားသွားခဲ့ပါတယ်….

ပေါ်တူဂီ 🇵🇹 3-2 ဂါနာ 🇬🇭 (FT)
ရော်နယ်လ်ဒို (P) ⚽ အာရူး ⚽
ဂျာအိုဖီးလစ် ⚽
လီယို ⚽ ဘူကာရီ ⚽