ရေး-ထားဝယ်ကားလမ်းဘေးတွင် PDFများက လက်လုပ်မိုင်းဖောက်ခွဲသဖြင့် ဈေးသည်တစ်ဦးသေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာနှင့် ဝါဆိုဘုရားကုန်း ကျေးရွာအကြား ရေး-ထားဝယ်
ကားလမ်းဘေးတွင် ဒီဇင်ဘာလ ၂၈ ရက် နံနက် ၆ နာရီ ၄၅ မိနစ်အချိန်၌ PDFအကြမ်းဖက်သမားများက
လက်လုပ် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ဈေးသည်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
PDFအကြမ်းဖက်သမား ၂၀ ဦးခန့်က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အဆိုပါကားလမ်းပေါ်တွင် ဆိုင်ကယ်
ဖြင့် လိုက်လံဈေးရောင်းချနေသည့် ရေဖြူမြိုနယ်၊ ဇီးကျကျေးရွာနေ မပန်းအိဖြူ (၂၀) နှစ်မှာ ဦးခေါင်းပွင့်ထွက်
ကြေမွကာ အခင်းဖြစ်ရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။