မေလ ၂၃ ရက်နေ့မှုခင်းသတင်းများ

-မေလ ၂၂ ရက်နေ့ ညနေ ၃ နာရီချိန်ခန့်တွင် ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်တွင်နေထိုင်သော ဦးဇော်လွင်ထူး (၅၁) နှစ်သည် နေအိမ်အပြင်ဘက်သို့ လမ်းလျှောက်ထွက်စဉ် အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ပစ္စတိုဖြင့် တစ်ခတ်ခဲ့သောကြောင့် ဇော်လွင်ထူးမှာယာလည်ပင်းရှပ်ထိဒဏ်ရာ၊ ပုခုံးထောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ) ဖြင့် ဖားကန့်ဆေးရုံသို့ပို့ဆောင်ကုသမှုခံယူလျက်ရှိကြောင်း သိရှိရ..

-မေလ ၂၂ ရက်နေ့ မနက် ၁၀ နာရီချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၈) ရပ်ကွက်တွင်နေထိုင်သော ဦးဇော်လွင်(ခ)ဘိုတောက် (၅၁) နှစ်၊ သားဖြစ်သူ ဇင်ကိုအောင်၊ ဇင်ကိုပိုင်(ခ)ကိုကို(၂၂) နှစ်၊ ဦးလှထွန်း နှင့် ဦးမွှေးနီတို့သည် နေအိမ်သို့ ဆိုင်ကယ် ၄ စီးဖြင့် ပြန်လာစဉ် ငွေဇင်ယော်လမ်းနှင့် စကားဖြူလမ်းထောင့်အရောက်၌ အကြမ်းဖက် ၅ ဦးမှ ဘေးတွဲဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့်ပစ်ခတ်သောကြောင့် ဇင်ကိုပိုင်(၂၂) နှစ်မှာ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဦးဇော်လွင် နှင့် ဦးလှထွန်းမှာ ကျဉ်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ..

-မေလ ၂၂ ရက် ညနေ ၄ နာရီ ၃၀ ချိန်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ အင်းချောင်းကျေးရွာတွင်နေထိုင်သော ဦးခင်မောင်သန်း (၅၆) နှစ် နှင့် အိမ်နီးချင်းဖြစ်သူ ဒေါ်မှတ်တင် (၅၆) နှစ် တို့သည် နေအိမ်အောက်ထပ်၌ စကားပြောနေစဉ် အကြမ်းဖက် ၁၀ ဦးခန့်မှ ဆိုင်ကယ် ၅ စီးဖြင့်ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သောကြောင့် ဦးခင်မောင်သန်းနှင့် ဒေါ်မှတ်တင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာတွင်ပင်သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-မေလ ၂၂ ရက်နေ့ မနက် ၇ နာရီ ၃၀ မိနစ်ချိန်တွင် သာယာဝတီမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာတွင် နေထိုင်သော ဦးသန်းထွန်းအောင် (၅၂) နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်စိန်ရီမြင့် (၅၀) နှစ်တို့သည် နေအိမ်ရှိကုန်စုံဆိုင်၌ ရှိနေစဉ် အကြမ်းဖက်သမားများမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးသန်းထွန်းအောင်တွင် ဦးခေါင်းဖောက်ဝင်ဒဏ်ရာ၊ ခန္ဓာကိုယ်ဖောက်ဝင်ဒဏ်ရာများနှင့် ဒေါ်စိန်ရီမြင့်မှာ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-မေလ ၂၂ ရက်နေ့ မနက် ၆ နာရီ ၃၀ မိနစ်ချိန်ခန့်တွင် ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာတွင် နေထိုင်သော ဦးသန်းနိုင်(၅၃) နှစ်သည် ယောက်ဖဖြစ်သူ ဦးဖိုးပြား၏ ရက်လည်ဆွမ်းကျွေးပြုလုပ်ရန်အတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေစဉ် အကြမ်းဖက်သမား PDF ၃ ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးသန်းနိုင်(ခ) နိုင်ကြီးအားလက်နက်ငယ်များဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ပြီး ဦးသန်းနိုင်မှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-မေလ ၂၂ ရက်နေ့ မနက် ၁ နာရီ ချိန်ခန့်တွင် လားရှိုးမြို့နယ်၊ ဆုံကွယ်ကျေးရွာရှိ အစိုးရနည်းပညာအထက်တန်းကျောင်းအား အကြမ်းဖက်သောင်းကျန်းသူများမှ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် စိုင်းကွမ်ခေး(၁၉) နှစ် ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦခေါင်မိုးပျက်စီး၊ မျက်နှာကျက်ပြိုကျ၊ မှန်များပျက်စီးခဲ့ကြောင်းသိရှိရ..

-မေလ ၂၂ ရက်နေ့ မနက် ၉ နာရီချိန်ခန့်တွင် မြောက်ဥက္ကလညပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၊ ဝိဇ္ဇာမဂ္ဂင်ဘိုးဘွားရိပ်သာကျောင်းတိုက်ရှေ့တွင် “ဝမ်းဝမ်း”မုန့်ထုပ်ပလက်စတစ်ဖြင့် ထည့်ထားသည့် PVC ပိုက်၊ ဓာတ်ခဲ၊ ဖွင့်ပိတ် ခလုတ်၊ ဝါယာကြိုးများဖြင့်ချိတ်ဆက်ထားသည့် လက်လုပ်ဗုံး ၁ လုံးအားတွေ့ရှိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့များမှ စနစ်တကျရှင်းလင်းခဲ့ကြောင်း သိရှိရ..