မတ္တရာမြို့နယ်တွင် ပြည်သူတစ်ဦးအား အကြမ်းဖက်pdfအဖွဲ့မှ ဓါးပြတိုက် ဖမ်းဆီး သတ်ဖြတ်

ဒီဇင်ဘာလ၂၈ရက်နေ့ ၀၆၃၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြိုနယ်၊ ဆိပ်သာ ကျေးရွာအုပ်စု၊ ဆိပ်သာ
ကျေးရွာနေ ဦးအောင်အေး၊ ၄၄နှစ်၊ တောင်သူ လုပ်ကိုင်သူသည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား ၇ ဦး
ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်းသို ဝင်ရောက်ရှာဖွေကာ ဖုန်းနှင့် Shayan 125 ဆိုင်ကယ်
(အစိမ်းရောင်)အား ယူဆောင်၍ ဦးအောင်အေးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် ရွာသူ/သားများမှ လိုက်လံ
ရှာဖွေခဲ့ရာ ၀၈၅၀ ချိန်တွင် ဦးအောင်အေးအား ဆိပ်သာရွာအရှေ့ဘက် မန္တလေးတူးမြောင်းအနီး၌ လည်ပင်း ပြက်ရှ
ဒဏ်ရာ ၁ ချက်၊ ရင်ဘက်ထိုးသွင်းဒဏ်ရာ ၃ ချက်၊ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာ ၄ ချက်တိုဖြင့် နေရာတွင်
သေဆုံးနေကြောင်း သိရှိရသည်။