အမြန်လမ်းမိုင်တိုင် ၂၂၈ မှာ ခရီးသည်တင်ယာဥ်တစ်စီး တိမ်းမှောက်၊ ခရီးသည်အမျိုးသား ၃ ဦးသေဆုံး

ရန်ကုန်မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၂၈ မှာ ဒီနေ့ အောက်တိုဘာ ၂၆ ရက် မနက် ၆ နာရီခွဲခန့်က

ခရီးသည်တင်ယာဥ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့လို့ ခရီးသည်အမျိုးသား ၃ ဦး သေဆုံးပြီး

၁၄ ဦးဒဏ်ရာရခဲ့တယ်လို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲက သတင်းထုတ်ပြန်ပါတယ်။

ခရီးသည်တင် အိတ်ပရက်စ်ယာဥ်ဟာ နေပြည်တော်တပ်ကုန်းမြိုနယ်အနီး

ရန်ကုန်မန္တလေးအမြန်လမ်းမကြီးရဲ့ မိုင်တိုင် ၂၂၈ မှာ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

ယာဥ်ပေါ်ပါ ခရီးသည် ၁၇ ဦးအနက် ၃ ဦးသေဆုံးပြီး

ဒဏ်ရာရသူ ၁၄ ဦးကိုတော့နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကိုပို့ဆောင်ထားပြီဖြစ်ကြောင်းသိရှိရပါတယ်။