ထိုင်းနိုင်ငံ၌ ကျင်းပမည့် ဂေါက်သီးရိုက်ပြိုင်ပွဲယှဉ်ပြိုင်ရန် အားကစားသမားများလေဆိပ်မှထွက်ခွာ

၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည့်

13th Singha Thailand Junior World Golf Championships 2022 ဂေါက်သီးရိုက်ပြိုင်ပွဲယှဉ်ပြိုင်ရန်

မြန်မာဂေါက်သီးရိုက် အားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှထွက်ခွာသွားရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ

တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင် ပေးခဲ့ပါတယ်။

ပြိုင်ပွဲဝင် မြန်မာဂေါက်သီးရိုက်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးကျော်မောင်မောင်ဟိန်း၊

အားကစားသမားများအဖြစ် Junior Golf Myanmar (JGM) မှ ထူးမြတ်အောင်၊ Locadio.K၊

အေးစုအောင်နှင့် လကျ်ာလေးဖြူတို့သည် သက်တမ်း အလိုက်ပြိုင်ပွဲများကို   ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး

မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်သည် ကစားသမားများ ပြိုင်ပွဲအတွေ့အကြုံရစေရန် နိုင်ငံတကာပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင်စေလျက်ရှိကြောင်းသိရှိရပါတယ်ရှင်။