ပုသိမ်ကြီးရှိ အောင်သပြေရွှေဆိုင် အနုကြမ်းစီးခံရ

ဒီဇင်ဘာလ ၂၂ရက် နေ့လည်ပိုင်းက ပုသိမ်ကြီးမြို့နယ်ရှိ အောင်သပြေရွှေဆိုင်အား လူ ၄ ဦးက သေနတ်ဖောက်ပြီး
အနုကြမ်းစီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာအုပ်စု မြို့သာကုန်းကျေးရွာ မန္တလေးနှင့် ပုသိမ်ကြီး
သွားကားလမ်းမပေါ်ရှိ “အောင်သပြေ” ရွှေဆိုင်တွင် ဒီဇင်ဘာ ၂၂ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်က ဆိုင်ကယ်
၂ စီးဖြင့် Mask များတပ်ထားသည့် အမည်မသိလူငယ် ၄ ဦးမှ ဆိုင်ရှေ့သိုရောက်ရှိလာပြီး လူငယ် ၃ ဦးမှ
ဆိုင်ထဲသိုဝင်လာကာ လူငယ် ၁ ဦးက သေနတ် ၁ ချက်ပစ်ဖောက်၍ ကျန်လူငယ်တစ်ဦးမှ ဓါးမြောင်ဖြင့် ဆိုင်ရှင်နှင့်
ဆိုင်ဝန်ထမ်းများ အော်ဟစ်ခြင်းမပြုရန်၊ မည်သူတစ်ဦးတစ်ယောက်မျှ မပြောဆိုရန်နှင့် အခြားလူငယ်တစ်ဦးမှ
ဆိုင်ကောင်တာအတွင်းရှိ ရွှေထည်များအား ထည့်ခိုင်းကာ ၁၉ လမ်းအတိုင်း မန္တလေးဘက်သို မောင်းနှင်ထွက်ပြေး
သွားခဲ့ကြောင်း သိရသည်။
၎င်းရွှေဆိုင်မှ ရွှေထည်ရောရာ စုစုပေါင်း ၅၀ ကျပ်သားခန့်၊ ကာလတန်ဖိုးစုစုပေါင်း ကျပ်သိန်း ၁၄၀၀ ခန့် အနုကြမ်း
စီးခံရပြီး အခင်းဖြစ်နေရာမှ ကျည်ခွံတစ်ခုတွေ့ရှိတယ်လို့ သတင်းရရှိပါတယ်။