ဆင်ပေါင်ဝဲမြို့နယ်တွင်အမျိုးသမီး တစ်ဦး အကြမ်းဖက် PDF များ၏ သတ်ဖြတ်ခြင်းခံရ

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ငရန့်ချောင်းကျေးရွာတွင် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အောင်လံခရိုင် ပါတီအတွင်း ရေးမှူးဖြစ်သူ အမျိုးသမီး တစ်ဦးကို ယမန်နေ့ ည တွင် အကြမ်းဖက် PDF များက နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု သိရပါသည်။

      ယမန်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ဆင်ပေါင်ဝဲမြို့နယ် အရှေ့ဘက် ၄၈ မိုင်အကွာကျင်းကျေး ရွာအုပ်စု၊ ငရန့်ချောင်းကျေးရွာနေ အောင်လံခရိုင် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အောင် လံခရိုင်ပါတီအတွင်းရေးမှူး ဒေါ်တင်မာဌေး၊ ၄၅ နှစ်၊ (ဘ)ဦးဘိုပြူး၊ တောင် သူ ၏နေအိမ်သို့ အကြမ်းဖက် PDF ၅ ဦးက ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ် (အမျိုးစား စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒေါ်တင်မာဌေး မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

       အကြမ်းဖက် PDF များသည်  NUG ၏ ” ငါနဲ့မတူ ငါ့ရန်သူ ” ဟုသော အကြမ်းဖက်ဝါဒ လမ်း ညွှန်မှုများအတိုင်း ပြည်ခိုင်ဖြိုးပါ တီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဆဲ/ဟောင်းများ၊ Non CDM ဝန်ထမ်းများစသည့်တို့နှင့် ၎င်းတို့၏မိသားစုများကိုပါ ပစ်မှတ်ထား သတ်ဖြတ်လျက်ရှိသော်လည်း ကမ္ဘာမီဒီယာများနှင့် နိုင်ငံတကာက မသိကျိုးကျွန်ပြုလျက်ရှိပါသည်။

#PAN