TNLA သောင်းကျန်းသူအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ တာအိုက်ကျော် သေဆုံး

တအောင်းလွတ်မြောက်ရေးတပ်မတော်(TNLA) အဖွဲ့တွင် ပြန်ကြားရေးတာဝန်ခံအဖြစ် ဆောင်ရွက်လျက်ရှိသော တာအိုက်ကျော် သေဆုံးသွားကြောင်း သိရသည်။ တာအိုက်ကျော်သည် နိုဝင်ဘာလ ၁၄ ရက်နေ့က ကျောက်မဲမြို့နယ်အတွင်းရှိ တပ်မတော်စခန်းများကို သွားရောက်တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သူဖြစ်ပြီး အဆိုပါ တိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်သော လက်နက်ကြီးထိမှန်ကာ တာအိုက်ကျော်အပါအဝင် ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်များထံမှ သိရပါတယ်။ TNLA အဖွဲ့အနေဖြင့် ၎င်းတို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ တာအိုက်ကျော် သေဆုံးမှုနှင့် ပတ်သတ်ပြီးလက်အောက်ငယ်သားများ စိတ်ဓာတ်ကျဆင်းမည်ကို စိုးရိမ်သဖြင့် သတင်းမှန်ထုတ်ပြန်ခြင်းမရှိဘဲ ထိန်ချန်ဖုံးကွယ်ထားရှိကြောင်း သိရှိရသည်။