မတ်လ ၁၀ ရက် ရခိုင်ပြည်နယ် တိုက်ပွဲသတင်းများ

၁၀ / ၃ / ၂၀၂၄ ရက်နေ့။ 💥💥💥💥💥

(မောင်တော်မြို့နယ်)
ယနေ့နံနက်ပိုင်း ၉ နာရီခန့်က ခမောင်းဆိပ်ရဲကင်းစခန်းအား AA အကြမ်းဖက်အဖွဲ့မှ လာရောက်
တိုက်ခိုက်ခဲ့သောကြောင့် ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ/ လေကြောင်းပစ်ကူတိုဖြင့် တိုက်ခိုက်ချေမှုန်းမှုတို့ကြောင့် AA အကြမ်းဖက်အဖွဲ့ဘက်မှ သေဆုံး/ဒဏ်ရာရများစွာဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရ။

(ရသေ့တောင်မြို့နယ်)
ယမန်နေ့ညပိုင်းက ရသေ့တောင်မြို့သို စစ်ကူသွားရောက်သည့် ကမ်းထိုးရေယာဉ်အား AA အကြမ်းဖက်အဖွဲ့ဝင်များမှ တိုက်ခိုက်မှုများရှိခဲ့သော်လည်း ယနေ့နံနက်ပိုင်းတွင် အဆိုပါစစ်ကူစစ်ကြောင်းများ သက်ဆိုင်ရာတပ်များသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သတင်းကောင်းကြားသိရသည်။

(ဘူးသီးတောင်မြို့)
ယနေ့နံနက်ပိုင်း ၈ နာရီခန့်က နယ်မြေခံတပ်ဖြစ်သည့် ၅၅၂ တပ်ရင်းအား AA အကြမ်းဖက်အဖွဲ့ဝင်များမှ Drop Boom များဖြင့် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲမှုများရှိခဲ့သော်လည်း အထိအခိုက်တစ်စုံတစ်ရာမရှိခဲ့ဘဲ အဆိုပါဒရုန်းပျံသည့် အခြေပြုနေရာများအား လက်နက်ကြီးများဖြင့် ချေမှုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

(ရမ်းဗြဲမြို့နယ်)
ယနေ့နံနက်ပိုင်း ၅ နာရီခန့်မှစ၍ ရမ်းဗြဲမြို့အတွင်းရှိ သိမ်တောင်စခန်းကုန်း၊ ရဲစခန်းနှင့် ကျေးလက်ရုံးတို့အား AA အကြမ်းဖက်သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး လေကြောင်းပစ်ကူ၊ ရေတပ်ပစ်ကူများဖြင့် အပြင်းအထန်တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို/ရွာများအား PDF အကြမ်းဖက်အဖွဲ့များဖြင့် ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း၊ အများပြည်သူနေထိုင်ရာ နေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ကျောင်းသားလူငယ်များအား ကျောင်းမတက်ခိုင်းဘဲ အတင်းအဓမ္မဖမ်းဆီးကာ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်း၍ သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခြင်းစသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်လျက်ရှိနေသည်။