အမရပူရမှာ ဆီဘောက်ဆာကား မီးလောင်မှုဖြစ်

မန္တလေးမြို့၊ အမရပူရမြို့နယ် ၊ စစ်ကိုင်း-မြစ်ငယ် ကားလမ်းဘေးရှိ ကုမ္ပဏီတခုရဲ့ ယာဉ်ရပ်နားဝင်းအတွင်းမှာ မတ်လ ၁၀ ရက်ညနေပိုင်းက ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ပြီး လူ(၁)ဦး မီးလောင်သေဆုံးခဲ့တယ်လို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ #Crd