PDF တွေသယ်လာတဲ့ မိုင်းပေါက်ကွဲလို့ ကလေးငယ် ၂ ဦးသေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် (Buanlung) ဘွာန်လုံကျေးရွာတွင် မတ်လ ၁၀ ရက်နေ့က ချင်း PDF တွေရဲ့ ကားပေါ်ပါလာတဲ့ မိုင်း‌ပေါက်ကွဲခဲ့ပြီး ဒေသခံက လေးငယ်နှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

ချင်းလဲန်းကာကွယ်ရေးတပ် – ဆဲန်ထန်း (CDF-Senthang) ရဲ့ ကားတစ်စီးဟာ ဘွာန်လုံကျေးရွာကို ညနေ ၄ နာရီနဲ့ ၅ နာရီကြားမှာ ရောက်လာပြီး အဲဒီထဲကနေမိုင်း မတော်တဆ ပေါက်ကွဲတာလို့ သိရပါ တယ်။ မိုင်းပေါက်ကွဲမှာ သေဆုံးသွားတဲ့ ကလးငယ်နှစ်ဦး ကတော့ မောင်ထဘိခ့်ထောင်း အသက် ၇ နှစ် နဲ့ မောင်ဗန်ဗျက်ကျုံး အသက် ၁၃ နှစ်တို့ဖြစ်ပြီး ဒဏ်ရာရသူ ၄ ဦးရှိတယ်လို့လည်းသိရပါတယ်။ #Crd