ရေတာရှည်မြို့မှာ တံတားကိုမိုင်းလာခွဲတဲ့ အကြမ်းဖက်တစ်ဦး သူ့မိုင်းနဲ့သူ ပြန်ပေါက်ကွဲ



ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့အနီးမှာ ယမန်နေ့ (ဇွန်လ ၁၄ ရက်) ညနေ ၆ နာကျော်အချိန်ခန့်က တံတားကို မိုင်းလာခွဲတဲ့ အကြမ်းဖက်တစ်ဦး သူ့မိုင်းထကွဲလို့သေသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေသွားသူက သာဂရမြို့၊ ငါးခုံးမချောင်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် အောင်ရဲသူ (ဘ) ဦးမြညွန့်ဖြစ််တယ်လို့သိရသလို သာဂရမြို့နဲ့ ငှက်ပျောတောရွာအကြားမှာရှိတဲ့ စစ်တောင်းမြစ်ကူးတံတား စစ်ဆေးရေးဂိတ်ကို မိုင်းခွဲဖို့ ဆိုင်ကယ်နဲ့ မိုင်းသယ်လာတာဖြစ်ပြီး အဆိုပါ ဂိတ်အရောက်မှာပဲ ၎င်းဆိုင်ကယ်ကို လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးနေစဥ် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် အကြမ်းဖက်သမားဟာ နေရာမှာတင် အသက်ပျောက်သွားခဲ့သလို တပ်မတော်သားတစ်ဦးလည်း မိုင်းစထိမှန်ဒဏ်ရာအချို ရရှိသွားခဲ့တယ်လို့ သိရပါတယ်။