ဆီဆိုင်မှာ အကြမ်းဖက်အဖွဲ့ရဲ့Drop Bomb ကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းတွင် ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာရှိ နေအိမ်များ၌ ပစ္စည်းများပြန်ယူနေစဉ် အကြမ်းဖက်သမားများရဲ့ Drop Bomb ပစ်ချမှုကြောင့် ဦးခွန်မောင်ချစ် ၃၃ နှစ်တွင် ဘယ်ညာခြေနှစ်ဘက် ထိခိုက်ဒဏ်ရာ၊ (မစိုးရိမ်ရ)၊ ခွန်မြဝင်း ၂၃ နှစ်တွင် ဝဲဘက်ခြေထောက်ရိုးကျိုးဒဏ်ရာ(စိုးရိမ်ရ)၊ ခွန်ထွန်းနီ ၄၅ နှစ်တွင် ဝဲဘက်ခြေသလုံးရိုးကျိုး​ဒဏ်ရာ၊ (စိုးရိမ်ရ)တို့ရရှိခဲ့ကြောင်းသိရပါတယ်။