ကသာမြို့ပေါ်ရပ်ကွက်များတွင် မိုင်းထောင်ဖောက်ခွဲလျက် ရှိသော အကြမ်းဖက်သမား၂ဦးအား ဖမ်းဆီးရမိ

ဇန်နဝါရီလ ၁၈ ရက်၊ ညနေ ၅ နာရီခန့်တွင် ကသာမြို့ပေါ်ရပ်ကွက်များတွင် PDF များနှင့် ပူးပေါင်းကာ ဖောက်ခွဲရေးလုပ်ငန်းများအား လုပ်ကိုင်လျက်ရှိသူ ၂ ဦးသည် ကသာမြို၊ အမှတ်(၅)ရပ်ကွက်တွင်ရှိသော ၎င်းတို၏နေအိမ်သို ပြန်လည်ရောက်ရှိနေထိုင်လျက်ရှိကြောင်းကို အေးချမ်းစွာနေထိုင်လိုသော ဒေသခံ ပြည်သူများ၏ သတင်းပေးချက်များအရ လုံခြုံရေးအဖွဲများက သွားရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဇော်မင်းထွန်း(ခ)ဘူးသီးနှင့် ၎င်း၏ ဇနီးဖြစ်သူ ဇင်ဇင်ခိုင်တိုအား တွေ့ရှိရပြီး နေအိမ်အတွင်းစစ်ဆေးမှု များပြုလုပ်ခဲ့ရာ

  • လက်လုပ်ပစ္စတိုသေနတ် ၁ လက်
  • လက်ပစ်ဗုံး ၁ လုံး
  • လက်လုပ်လက်ပစ်ဗုံး ၁ လုံး
  • ဆားကစ်အိမ် ၁ ခု
  • စနက်ကြိုး ၅ ခွေ
  • ရီမု ၁ ခု
  • ပြောက်ကျားယူနီဖောင်းအင်္ကျီ ၁ ထည်
  • ပြောက်ကျားဦးထုပ် ၁ လုံး
  • တောစီးဖိနပ် ၁ ရံ
  • ကျည်မျိုးစုံ ၁၁ တောင့်
  • ဓာတ်ခဲခြောက် ၁ ခု
  • ဓား ၁ ချောင်း
  • သံပိုက်လုံး ၁ လုံးတိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။