မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် မှတ်တိုင် (၃၄)အနီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် ARSA အဖွဲ့နှင့် RSO အဖွဲ့တို့တိုက်ပွဲဖြစ်ပွား

၁၈ – ၁- ၂၀၂၃ ရက်နေ့ နံနက်အပိုင်း ၆ နာရီခွဲခန့်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းရှိ တရားမဝင်ဘင်္ဂါလီဒုက္ခသည်စခန်း၌ ခိုအောင်းလှုပ်ရှားနေသည့် ARSA အဖွဲအား RSO အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး RSO အဖွဲဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကာ ညနေ ၄ နာရီခွဲခန့်အချိန်တွင် RSO အကြမ်းဖက်အဖွဲမှ ဒုက္ခသည်များ၏ ယာယီတဲ များအား မီးရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုက်ပွဲဖြစ်ပွားနေချိန်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ခြမ်းသို့ ဒုက္ခသည်များနှင့် ရောနှောထွက်ပြေးလာသည့် ARSA အဖွဲ့ဝင် ၃၆ ဦး၊ လက်နက် ၁ လက်နှင့် အခြားအသုံးအဆောင် ပစ္စည်းများအား BGB တပ်ဖွဲဝင်များမှ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၎င်းဒုက္ခသည်စခန်းတွင် ယာယီလူနေတဲ ၄၀၀ လုံးခန့် မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
၎င်းတို့ပဋိပက္ခကြား ဒုက္ခသည်များနှင့် အကြမ်းဖက်သမားများ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာမှု မရှိစေရေးအတွက် နယ်စပ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်စစ်ကြောင်းများနှင့် ရဲကင်းစခန်းများမှ အသင့်စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါတယ်။