ဆိပ်ဖြူမြို့နယ်၌ လက်လုပ်မိုင်းပြုလုပ်နေစဉ်ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သမား (၃) ဦး သေဆုံး

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များတွင် အသုံးပြုရန် လက်လုပ်မိုင်း ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သမား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၄ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် ဆိပ်ဖြူမြို့နယ်၊ တဲကြီးကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ စိုးကိုကို (၃၂) နှစ်သည် ၎င်း၏ နေအိမ်တွင် တစ်ရွာတည်းနေ ဖိုးထီ(ခ)ဖြိုးထက်နိုင်(၂၅)နှစ်၊ ပေါက်မြို့နယ်၊ ထန်းတော ဦးကျေးရွာနေ ဝင်းကြိုင် (၂၆)နှစ်တို့နှင့်အတူ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များတွင် အသုံးပြုရန် လက်လုပ် မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ၎င်းတို့ ၃ ဦး တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။