စတေးခံရတဲ့ မိခင်အစစ်များ
*************
သူများမြှောက်ပေးတာကို နားယောင်ပြီး
ကိုယ်နဲ့သွေးမတော် သားမစပ်တဲ့သူကို
“အမေ” “အမေ”လို့ ခေါ်ခဲ့တဲ့ သားဆိုးသားမိုက်
တွေကြောင့်မိခင်အရင်းတွေရဲ့ အသက်တွေ
ပေးဆပ်ခဲ့ရပြီ ..
အကြမ်းဖက်လို့ ပြစ်ဒဏ်ကျခံနေရတဲ့
သားမိုက်လေးတွေကို အကြော်အလှော်
လေးသွားပေးတဲ့ မိခင်အရင်းတွေကို
အဲဒီသားမိုက်လေးတွေရဲ့ သူငယ်ချင်း
တွေကပဲ လုပ်သွားကြပြီ ..
အင်းစိန်ထောင် ဗုံးကွဲတဲ့ဖြစ်စဉ်ကို
ကြည့်မယ်ဆိုရင် သေဆုံး(၈)ဦး၊ ဒဏ်ရာရ (၁၈)ဦး
ရှိခဲ့တယ် ..
သေဆုံး (၈)ဦးထဲမှာ
အကစဝန်ထမ်း (၃)ဦးပါဝင်သလို
ထောင်ဝင်စာလာတွေ့တဲ့ ကလေး(၁)ဦး၊ မိခင် (၄)ဦး
ပါတယ် .. သေဆုံးသူတွေကတော့
(၁) ဒေါ်ကြီးမြင့် (၅၀)နှစ်။
အောင်သန့်ဇင် (ခ) လင်းထက်နိုင် (ခ) ဂျိမ်းစ် ၏ မိခင်
(နိုင်ငံတော်ပုန်ကန်မှု ရာ ၅၀၅-က ဖြင့်ထောင်ကျသူ)
(၂) ဒေါ်သိန်းကြွယ် (၅၆)နှစ်။
ဟိန်းမင်းထက် (ခ) ကိုဟိန်း ၏ မိခင်
(နိုင်ငံတော်ပုန်ကန်မှု ရာ ၅၀၅-က ဖြင့်ထောင်ကျသူ)
(Dark Shadow UG)
(၃) ဒေါ်သင်းသင်းချို (၅၄)နှစ်။
ဘုန်းသက်နိုင်ထွန်း ၏ မိခင်
(အကြမ်းဖက်-၄၉(ဃ))
(Air KBZ လေယာဉ်အင်ဂျင်အား အမှိုက်ထဲ့သူ)
(၄) ဒေါ်ခင်ခင်ထွန်း (၅၀)နှစ်။
ရဲစိုးထွန်း (ခ) အေးမောင် (ခ) ရုပ်သေး ၏ မိခင်
(နိုင်ငံတော်ပုန်ကန်မှု ရာ ၅၀၅-က ဖြင့်ထောင်ကျသူ)
(၅) မယွန်းမီမီကျော် (၁၀)နှစ်။
ဦးအောင်သန်းလင်း ၏ သမီး
(ရာ-၃၀၂) (ဓားထိုးလူသတ်မှုဖြင့်ထောင်ကျသူ)
အဲဒီတော့ တွက်သာကြည့်လိုက်တော့
ကလေးငယ်လေးမှလွဲပြီး ကျန်တဲ့သူ ၄ ဦးက
တော်လှန်ရေးသမားအမည်ခံတွေရဲ့ မိခင်တွေချည်းပါပဲ
အေး .. မင်းတို့မိခင်တွေကို
မင်းတို့နဲ့ ဂိုဏ်းတူညီ/အကိုတွေက
ပြန်ပြီး အကြမ်းဖက်သွားပြီကွ
နားကိုက်တဲ့ သားမိုက်ကြီးတို့ ။။။
#KT
ဇော်ဂျီ font အသုံးပြုသူများအတွက်
ပေးဆပ်ခဲ့ရပြီ ..
တွေကပဲ လုပ်သွားကြပြီ ..
ရှိခဲ့တယ် ..
သေဆုံး (၈)ဦးထဲမှာ
(Dark Shadow UG)
(အကြမ်းဖက်-၄၉(ဃ))
ဦးအောင်သန်းဦး ၏ သမီး
#KT