ဥပုသ်ဘာကြောင့် စောင့်သလဲ

ဥပုသ်စောင့်တာဟာ
ဥပုသ်နေ့ဖြစ်လို့ စောင့်တာလား…
နတ်ပြည်လိုချင်လို့ စောင့်တာလား..
နိဗ္ဗာန်လိုချင်လို့ စောင့်တာလား…
ဘာရည်ရွယ်ချက်တွေ ရှိသေးလဲ..
တကယ်က-
ဥပုသ်သီလရဲ့အကျိုးကျေးဇူးကို
ဆင်ခြင်သုံးသပ်ပြီးတော့မှ
ဥပုသ်စောင့်တာဟာ…
ပိုပြီး အနှစ်သာရ ရှိတယ်ပေါ့။
ရာဂနှိမ်ရန် ဥပုသ်စောင့်မယ်။
ဒေါသနှိမ်ရန် ဥပုသ်စောင့်မယ်။
လောဘနှိမ်ရန် ဥပုသ်စောင့်မယ်။
မာနနှိမ်ရန် ဥပုသ်စောင့်မယ်။
အစရှိသည်ဖြင့်ပေါ့။
ခန္တီဆိုတဲ့ သည်းခံခြင်းကို
အကြောင်းပြုပြီး စောင့်တာပဲဖြစ်ဖြစ်
အဆာခံပြီး စောင့်တာပဲဖြစ်ဖြစ်
ပျော်စရာတွေကို စွန့်ခွာပြီး
စောင့်တာပဲဖြစ်ဖြစ်
ဒီအရည်အချင်းတွေဟာ
သူတော်စင်တွေရဲ့
တကယ့်အရည်အချင်းတွေပါပဲ။

မြင့်မြတ်တဲ့ အကျင့်တွေနဲ့ နေထိုင်ပြီး
ဥပုသ်သီလ စောင့်ထိန်းခြင်းဟာ…
သူတော်စင်တွေရဲ့ အလေ့အထ
တစ်ခုဖြစ်သည့်အတွက်ကြောင့်
ရည်ရွယ်ချက် မှန်မှန်ကန်ကန်နဲ့
မြတ်မြတ်နိုးနိုး ထိန်းသိမ်း စောင့်ရှောက်တဲ့
ဥပုသ်သီလဟာ…
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးရဲ့
သာသနာတော်နဲ့ ကြုံတွေ့ခိုက်
သာသနာတွင်း ဥပုသ်ဖြစ်လို့
သာသနာပမှာ စောင့်တဲ့
ဥပုသ်သီလထက် မြတ်ပါတယ်။
သီလရဲ့တန်ဖိုးရှိမှုကို ယုံယုံကြည်ကြည်
လေးလေးစားစား တန်ဖိုးထားပြီး ကုသိုလ်တရား
ဖြစ်ပွားအောင် ကျင့်ကြံကြိုးကုတ် ကြိုးစားအားထုတ်
နိူင်ကြပါစေ။
ဒေါက်တာနန္ဒမာလာဘိဝံသ
(ဥပုသ်သည်တို့၏ စကားဝိုင်း)မှ
ကူးယူပူဇော်ပါသည်။
အမှောင်ပျောက်၍ အလင်းရောက်ပါစေ။