COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၁) ဦး တွေ့ရှိ

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့် သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ဧပြီလ ၂၃ရက်မှ ဧပြီလ ၂၄ရက်နေ့ ည ၈နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၉၉၃) ခုအား စစ်ဆေးပြီးစီး ခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၁) ဦး တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားပါတယ်..။ ဒါကြောင့် ကိုဗစ်ရောဂါကို မပေါ့ဆဘဲ အမြဲသတိရှိကြဖို့ အသိပေးနှိုးဆော်လိုက်ပါတယ်..။