ထောက်ပံ့ကြေးမရ၍ KNU/PDF များ ဆန္ဒပြ

NUG မှ KNU/PDF များအား မထောက်ပံ့တော့သဖြင့် ကျားဖြူစစ်ကြောင်းမှ ဒုရင်းမှူး ဝင်းဇော်လေး၊ တပ်ခွဲ ၄ မှ ခွဲမှူး မြင့်ဇော် တို့မှာ စစ်မတိုက်တော့ပဲ နေတော့မည်ဟု ဆန္ဒပြခဲ့ကြကြောင်း အတွင်းသတင်းပေး၏ ပြောပြချက်အရ သိရှိရပါသည်။

“လူအင်အား ၉၀ လောက်ရှိသော ကျားဖြူစစ်ကြောင်းအား NUG မှ ၎င်းတို့အတွက် ခဲယမ်းထောက်ပံ့ပေးမှု မရှိတော့သည့်အပြင် စားနပ်ရိက္ခာထောက်ပံ့မှုပါ မရှိတော့သဖြင့် ကျားဖြူစစ်ကြောင်းမှ ကိုယ်ထူကိုယ်ထ ရှာဖွေစားသောက်နေရပြီး မိမိနေရာမှာပဲ နေထိုင်ကာ တိုက်ပွဲများ သွားရောက်မတိုက်နိုင်တော့”ဟု NUG အား ဆန္ဒပြပြောဆိုခဲ့ပါတယ်..

NUG မှ “ကရင်ပြည်နယ်တွင် တိုက်ပွဲများအတွက် ခေတ္တနား၍ မြို့ပြစစ်ဆင်ရေးအတွက်နှင့် ပဲခူးတိုင်းအတွက် ထောက်ပံ့ပေးလျက်ရှိနေပြီး ၎င်းတို့ တောတွင်းကရင်အဖွဲ့များအား ထောက်ပံ့ပေးမှု မရှိနိုင်သေးပါ”ဟု အကြောင်းပြန်ခဲ့ကြောင်း အတွင်းသတင်းပေး၏ ပြောပြချက်အရ သိရှိရပါတယ်..

ယခုအဖြစ်အပျက်အရ NUG အနေဖြင့် အောက်ခြေအား လစ်လျူရှုထားပြီး တစ်ကမ္ဘာလုံးမှ ရရှိသည့်အလှူငွေများအား ကိုယ်ကျိုးအတွက် အသုံးပြုနေခြင်းဖြစ်နိုင်ကြောင်းနှင့် ငွေကြေးအတွက် အလုပ်လုပ်နေသော KNU အားလည်း လေးစားမှု လျော့နည်းလာခြင်းဖြစ်ကြောင်း သုံးသပ်မိပါတယ်..

Saw Ba Maung