PDF အမည်ခံအကြမ်းဖက်သမားများ၏ စခန်းတစ်ခုအား တပ်မတော်သားများက သိမ်းပိုက်ရရှိ

ကောလင်းမြို့နယ်နှင့် ပတ်ဝန်းကျင်တဝိုက် လူသတ်၊လုယက်စသည့် အကြမ်းဖက်လုပ် ရပ်များပြုလုပ်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများ၏ စခန်းတစ်ခုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းပိုက်ရရှိ

နေပြည်တော်၊ ဩဂုတ် – ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ညောင်ပင်လှကျေးရွာ အနီးရှိ PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိသည့် စခန်း တစ်ခုအား ဩဂုတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းပိုက် ရရှိခဲ့သည်။

ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမားများသည် ကောလင်းမြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် ညောင်ပင်လှကျေးရွာအနီး သရက် တောအတွင်း ခိုအောင်းနေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူတို့၏သတင်းပေး ချက် အရလုံခြုံရေး တပ်ဖွဲ့ဝင်များက ဩဂုတ် ၂၈ ရက် နေ့လယ်ပိုင်းတွင် ဝင်ရောက် ချေမှုန်းခဲ့ရာအဆိုပါကျေးရွာအနီးရှိသရက်တောအတွင်း PDF အမည်ခံအကြမ်းဖက် သမားများ ခိုအောင်းနေထိုင်လျက်ရှိသည့်စခန်းတစ်ခုအား တွေ့ရှိခဲ့ပြီး အကြမ်းဖက် သမားများ ကစဉ့်ကလျားဖြင့် ထွက်ပြေးသွားခဲ့သည်။၎င်းနောက် စခန်းအတွင်း အသေး စိတ်ရှာဖွေခဲ့ရာ အလျား ပေ ၂၀ ၊ အနံ ပေ ၃၀ သွပ်မိုးထရံကာတဲ ၁ လုံး အပါအဝင် လူနေ တဲ ၈ လုံး၊ တန်းစီကွင်း ၁ ကွင်း၊ အချုပ်ခန်း ၁ ခန်း၊ တစ်ယောက် ပစ်ကျင်း ၁၀ ကျင်း၊ လက်လုပ်သေနတ် ၁၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ် လက်ပစ်ဗုံး ၉ လုံး၊ ဗုံးသီးမျိုးစုံ ၁၆ လုံး၊ မိုင်းမျိုးစုံ ၉ လုံး၊ ဖြူးစ် ၃၈ ချောင်းနှင့် ရီမု ၁ ခု၊ ကျည်မျိုးစုံ ၇၅ တောင့်၊ ကျည်အိမ် ၂ ခု၊ အထိုင်စကားပြောစက် ၂ လုံး၊ လမ်းလျှောက် စကားပြောစက် ၁ လုံး၊ မော်တော်ဆိုင်ကယ် ၃ စီး၊ ယမ်းနှင့်ဆက်စပ်ပစ္စည်းများ၊ KLPDF လက်မောင်းတံဆိပ်ပါ ယူနီဖောင်း ၁ စုံ၊ KIA လက်မောင်းတံဆိပ်ပါ ယူနီဖောင်း ၁ စုံ၊ NLD အလံ ၁ ထည်အပါအဝင် အသုံးဆောင် ပစ္စည်းများနှင့် ဆေးပစ္စည်းမျိုးစုံ များအား သိမ်းဆည်းရမိခဲ့သည်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ ကျေးရွာပြည်သူလူထု ကို အကာအကွယ်ရယူခိုအောင်းနေထိုင်ကာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် လျက်ရှိရာ ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးလျက်ရှိ ကြောင်း နှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်း ပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်းအသိပေး သတင်းထုတ် ပြန်အပ်ပါသည်။