NUG ရဲ့ ကတုံးပေါ်ထိပ်ကွပ်ခံလိုက်ရတဲ့ နဂါး

ဒီဇင်ဘာ ၁၆ ရက်နေ့က ပုလဲနဂါး BNRAအဖွဲက ပြည်သာယာစစ်‌ကြောင်းမှူး ဒုတပ်ရင်းမှူး မြင့်စိုး ၊ တပ်ခွဲမှူးကျော်သူ၊ တပ်စုမှူး ဘဒင်နဲ့ ရပ်ကျေးပအဖ တာဝန်ခံ တိုကို ခရိုင်ပကဖတာဝန်ခံက တွေ့ဆုံဖို့ဆိုပြီး မြေမွန်ရွာ စာသင်ကျောင်းဆီခေါ်ဆောင်သွားခဲ့ပြီး ကန့်ဘလူ PDF အဖွဲကအင်အားသုံးဖမ်းဆီးလိုက်ခြင်းဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကို လိုက်လံခေါ်ယူသူတွေကိုလည်း ဆက်လက်ဖမ်းဆီးကာ နယ်မြေခံတပ်ခွဲမှူးရဲ့ ဇနီးအပါအဝင် စုစုပေါင်း ၁၆ ဦး ကို ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး သေနတ် ၃ လက်ကိုလည်း သိမ်းဆည်းသွားခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထား ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုထားပေမယ့်လည်း NUG က မလွှတ်ပေးခဲ့ပဲ အခြားသတင်းများအရ သတ်ဖြတ်လိုက်ပြီလို့လည်း သိရပါတယ်။

NUG ရဲ့ အတွင်းသတင်းများအရလည်း အဖွဲ့အတွင်း နဂါးအားလုပ်ကြံပြီး ၎င်းတို့ ပြောလို့ဆိုလို့အဆင်ပြေမယ့်လူနဲ့ ပြောင်းလဲပစ်ဖို့လည်း ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နဂါးအနေနဲ့ NUG ကိုသူရဲ့ လူတွေနဲ့ ဆန္ဒပြခိုင်းပြီး အချင်းချင်းကတုံးပေါ် ထိပ်မကွပ်ဖို့ တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ လိုင်းပေါ်မှာ အကြီးကြီးတွေပြောလိုက် ပန်ဆယ်လိုနဲ့ ရန်တွေဖြစ်လိုက်နဲ့ ဖြစ်လိုက်ရင် နဂါးတို့က ခံဖက်ကချည်းပဲ…NUG ကို နဂါးက ကြောက်နေရတာထင်တယ်…