လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့( HRW) ကထုတ်ပြန်တဲ့ MNDAA အဖွဲ့ရဲ့ လူသစ်စုဆောင်းမှု

မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတစ်စုသည် ရှမ်းပြည်နယ်၌ တိုက်ပွဲရှောင်လာသော အရပ်သားများကို ပြန်ပေးဆွဲခြင်း တပ်သားအဖြစ် အတင်းအကျပ်စုဆောင်းခြင်းတို့ရှိနေသည်ဟု လူ့အခွင့်အရေးစောင်ကြည့်မှုအဖွဲ့ (HRW) က ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယခင်က ပိတ်ထားသော တောတွင်းကားလမ်းများကို ဖွင့်ပေးခြင်းဖြင့် ရှောင်ပြေးလာသူများကို MNDAA က အကူအညီပေးခဲ့သည်ဆိုသော်လည်း MNDAA သည် မိုဘိုင်းဖုန်းများကို သိမ်းယူခြင်း၊ လောက်ကိုင်မှ ထွက်လာသူများကို ထိန်းသိမ်းခြင်းတို့ လုပ်ဆောင်လျက်ရှိပြီး နိုဝင်ဘာ ၂၄ ရက်တွင် လောက်ကိုင်မှ ချင်ရွှေဟော်ကိုသွားသည့် အမျိုးသား ခုနစ်ဦးကို MNDAA က ပြန်ပေးဆွဲခဲ့ပါတယ်။

လောက်ကိုင်နှင့် ချင်ရွှေဟော်အကြား ပါစင်ကျော်ရွာအပြင်ဘက်တွင် MNDAA က လူငယ်အများအပြားကို ရပ်တန့်စေပြီး ထိန်းသိမ်းလျက်ရှိပြီး အမျိုးသားများကို စုစည်းပြီး ခေါ်ဆောင်လျက်ရှိနေကြောင်းကိုလည်း မျက်မြင်ပြေကြားချက်များအရ သိရပါတယ်။ အကြမ်းဖက် မျောက်သုံးကောင်အနေဖြင့် တပ်မတော်နှင့်ထိတွေ့တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှု များပြားလျက်ရှိတာမို့ လူသစ်များ အတင်းလိုက်လံစုဆောင်းနေရခြင်းဖြစ်ပါတယ်။

ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) သည် အရပ်သားများအပေါ် ကျူးလွန်နေသည့် ကြမ်းတမ်းသောလုပ်ရပ်များကို ချက်ချင်းရပ်ဖို့နဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် AA၊ MNDAA၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်တို့ ပူးပေါင်းထားသော ညီနောင်သုံးဖော်မဟာမိတ်အဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်မတော်စစ်စခန်းများကို စတင်တိုက်ခိုက်ခဲ့မှုကြောင့် ရှမ်းပြည်နယ်တွင် စစ်ဘေးရှောင် ၁၀၀၀၀၀ အပါအဝင် လူ ၆၀၀၀၀၀ ကျော်စစ်ဘေးရှောင်နေရကြောင်းကိုလည်း ဖော်ပြထားပါတယ်။