ဆေးလိပ်၏ဆိုးကျိုးများ

ဆေးလိပ်ထဲမှ ဆေးရွက်ကြီးကို မီးစွဲလောင်သော
အခါတွင်ထွက်လာသော အငွေ့ထဲမှာ နီကိုတင်းဓာတ်၊
ကတ္တရာနဲ့ ကာဗွန်မိုနောက်ဆိုဒ်လို့ခေါ်တဲ့ အဆိပ်ငွေ့
တွေပါဝင်ပါတယ်၊ ဒီဓာတ်တွေကြောင့် ဆေးလိပ်
သောက်သူတွေက နှလုံးသွေးကြောကျဉ်း ရောဂါ
ဖြစ်စေတာပါ။
နောက်ထပ်အများဆုံးဖြစ်တတ်တဲ့ ရောဂါကတော့
အဆုတ်ကင်ဆာပဲဖြစ်ပါတယ်၊ ဆေးလိပ်ထဲမှာအဆုတ်
ကင်ဆာ ဖြစ်စေတဲ့ ဓာတ်တွေ လည်းပါဝင်တာကြောင့်
စီးကရက်အလွန်အကျွံ သောက်သူတွေဟာ အဆုတ်
ကင်ဆာဖြစ်နိုင်ချေ များပါတယ်၊
ခုပြောတဲ့ ရောဂါတွေအပြင် အစာအိမ်ရောဂါ၊
အူသိမ်ဦးပိုင်း အနာဖြစ်တဲ့ရောဂါတွေပါဖြစ်နိုင်
ပါသေးတယ်၊ ကိုယ်ဝန်ဆောင်တွေမှာ ဆေးလိပ်
သောက်တာကြောင့် ကလေးပေါင်မပြည့်ဘဲမွေးတာ၊
ကလေးပျက်ကျ တာမျိုးတွေဖြစ်တတ်လို့ အန္တရာယ်
သိပ်များပါတယ်၊
ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့်လည်း
အခြားသူတွေက သောက်တဲ့မီးခိုးတွေရှူမိတာမျိုး
ကလည်း ဆိုးကျိုး တွေပေးတာပါပဲ၊
အကြံဉာဏ်ပေးချင်တာကတော့
ဆေးလိပ်သောက်တယ်ဆိုရာမှာ စီးကရက်ပဲ
သောက်သောက်၊ ဆေးပေါ့လိပ်တို့ ဆေးတံတို့ပဲ
သောက်သောက် ဆိုးကျိုးတွေကတော့အတူတူပါပဲ
အစီခံပါတဲ့ ဆေးလိပ်သောက်တာ ရောဂါဖြစ်ပွားမှု
လျှော့ချပေးနိုင်တယ်ဆိုတာလည်းမဟုတ်ပါဘူး။
ဆေးလိပ်စသောက်ရင် ၅ လိပ်ကျော်တာနဲ့ စွဲတတ်
တာဖြစ်လို့ ကျောင်းသား လူရွယ်တွေကို ဆေးလိပ်
သောက်တဲ့ အလေ့အကျင့်မဖြစ်အောင် လုံးဝ(လုံးဝ)
မသောက်အောင်တားမြစ်ပေးသင့်ပါတယ်၊
မိမိစိတ်ကိုသာ တစ်ကယ်နိုင်မယ်ဆို
ဆေးလိပ်က တိကနဲဖြတ်ချနိုင်ပါတယ်၊
သူငယ်ချင်းများနဲ့အတူတူ ဆေးလိပ်ဖြတ်တာဟာလည်း
ကောင်းမွန်တဲ့နည်းတစ်ခုပါပဲတဲ့။
စွန့်လွှတ်စွန့်စားပြည်ချစ်သားများနဲ့ မိသားစုများ
လူ့သက်တမ်းရဲ့ ၈% ကနေ ၁၅%ထိလျော့ကျစေတဲ့
ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်နိုင်ပြီး
ကျန်းမာပျော်ရွှင်သော လူမှုဘဝကိုပိုင်ဆိုင်နိုင်ကြ
ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။။။