အပူလှိုင်းသတိပေးချက်

အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ…

Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။

အပူချိန် 35°C – 37°C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1

37°C ကနေ upper 40°C ထိတိုးလာရင် Level 2 danger ပါ ။

ကလေးငယ်‌ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလို့မဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင် လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။

ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။ အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေကပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖြစ်အောင် သောက်ပေးသင့်ပါတယ်။ ရေကိုခဏခဏသတိရတိုင်းသောက်ပေးပါ။

အိမ်ကို လိုက်ကာကာပါ။ အဝတ်အစား ချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ကောင်းပြီး အပူထွက်လွယ်တဲ့အဝတ်အစားမျိုးဝတ်ပါ။
အသောက်အစားလေးခဏလျှော့ပါ။
Gym /ကိုယ်ကာယလေ့ကျင့်ခန်း အပြင်းအထန်ကစားတာလျှော့။
Sunglasses, sun cream 2-3 hours နေတစ်ခါ ထပ် on, ထီး၊ ဦးထုပ်မ‌ဖြစ်မနေဆောင်း။
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရှိနိုင်ပါတယ်။

အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြပါလို့ အသိပေးပါရစေ… 🙇‍♂️🙇‍♂️🙇‍♂️

crd.