AA အဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်နှင့် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ၁၀ ဦး သေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာရှိ နယ်မြေခံရဲစခန်းအား နိုဝင်ဘာလ ၁၆ ရက်တွင် AA အဖွဲ့မှ အင်အား ၂၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

AA အဖွဲ့၏ ဆင်ခြင်တုံ တရားကင်းမဲ့စွာ ပစ်ခတ်မှုကြောင့် လောင်းဒုံ(မြို) ကျေးရွာအတွင်းသို့ ၆၀ မမ ဗုံးသီး ၃ လုံး ကျ‌ရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရသူများကို မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကုသနိုင်ရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။