မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင်

မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင်
ဝမ်းနဲစရာ မလိုသလို ပြန်ပြီးလည်း
မမျှော်လင့်ပါနဲ့။
ရေစက်ရှိလို ဆုံခဲ့ကြပြီး
ကံကုန်ရင် လမ်းခွဲကြရမယ်
ကံမကုန်သေးရင် ပြန်ဆုံတွေ့ဖြစ်ကြမယ်။
ဘဝရဲ့လှည့်ကွက်တွေအောက်မှာ
တစ်ယောက်နဲ့တစ်ယောက်
မမျှော်လင့်ဘဲဆုံတွေ့ခဲ့ကြပြီး
မျှော်လင့်မထားတဲ့
ကံကြမ္မာမုန်တိုင်းဖန်တီးလာပြီဆိုရင်
ထင်မှတ်မထားတဲ့အခြေအနေတွေကြောင့်ပဲ
တစ်ယောက်နဲ့တစ်ယောက်၊ဝေးကွာကြရတာပါ။
တကယ်တမ်းကြတော့
ရေစက်ရှိလိုဆုံတာထက်
တစ်ယောက်ကိုတစ်ယောက်
ဝဋ်ကြွေးဆပ်ဖိုဆုံဖြစ်ခဲ့ကြတာပါ။
အနားမှထွက်ခွာသွားသူကို
ကျေးဇူးတင်လိုက်ပါ
သူ့ကြောင့် ဝဋ်ဒုက္ခမှလွတ်ကင်းသွားလိုပါ။
ဘဝဆိုတာ
ကိုယ်ကချစ်နေပြန်တော့လည်း
တစ်ဖက်သားက မုန်းနေပြန်တတ်တယ်
ကိုယ်ကမုန်းနေပြန်ရင်လည်း
တစ်ဖက်သားကချစ်နေပြန်တတ်တယ်။
ချစ်ခြင်းမုန်းခြင်းတွေရဲ့နောက်မှာ
သိပ်ပြီးတော့လည်း လိုက်ခံစားမနေပါနဲ့
တွေ့ကြဆုံကြခဏလေးပါ။
နေရတဲ့အချိန်လေးမှာ
ကိုယ့်ကြောင့်လည်းသူတစ်ပါးစိတ်မဆင်းရဲစေနဲ့
သူတစ်ပါးကြောင့်လဲကိုယ့်ကိုကိုယ်စိတ်ညစ်မခံပါနဲ့။
ကိုယ့်ကိုကိုယ်အေးချမ်းစွာနေရင်း
ဘဝခရီးလမ်းကို
အကောင်းမြင်တတ်တဲ့မျက်လုံး
စာနာတတ်တဲ့နှလုံးသား
ကူညီတတ်တဲ့လက်တစ်စုံနဲ့ လျှောက်လှမ်းကြပါ။
ကျန်းမာချမ်းသာကြပါစေ။
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)