(၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းကျခံနေရသူ (၅၇၇၄) ဦးအား လွတ်ငြိမ်းသက်သာခွင့်ပြု

နိုင်ငံတော်မှ အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် လူမှုရေးအရ ငဲ့ညာမှုနှင့်အတူ နိုင်ငံတော်၏ စေတနာကို နားလည်သိရှိစေရန် ရှေးရူသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က အပါအဝင် အကျဉ်းကျခံနေရသူ (၅၇၇၄) ဦးကို လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ပါတယ်။