မင်္ဂလာနံနက်ခင်းပါ

ကိုယ်ထင်ရာပဲ မပြောပါနဲ့

ကိုယ်ချစ်တဲ့သူကို
မကောင်းဘူးလို့ လာပြောရင်
မကြိုက်တာဟာ သဘာ၀ပါပဲ ။

ကိုယ်ယုံကြည်အားကိုးတဲ့သူကို
မမှန်ဘူးလို့ပြောလာရင်

လက်မခံချင်တာလည်းသဘာ၀ပါပဲ
ဒါက နားလည်ပေးလို့ရပါတယ် ။

ကိုယ်ချစ်တဲ့သူကကောင်းမကောင်းရယ်
မှန်မမှန်ဆိုတာရယ်ကိုတော့ အရင်
သုံးသပ်စဥ်းစားသင့်ပါတယ် ။

မဟုတ်မမှန်ဘူးဆိုရင်
ကိုယ်လည်းထောက်ခံပေးရာရောက်လို့
ကိုယ့်အတွက်လည်း နစ်နာနိုင်ပါတယ် ။

မှားနေမှန်းသိပါလျှက်ကယ်နဲ့
ချစ်ခြင်းကြောင့် ကာကွယ်မပေးပါနဲ့ ။

မှန်နေတာ သိပါလျှက်ကယ်နဲ့
မုန်းခြင်းကြောင့်တော့ မထိုးချပါနဲ့ ။

အများမှန်လို့ မှန်တာဟာ
အမှန်တရား အစစ်မဟုတ်နိုင်ပါဘူး ။

တစ်ဘက်လူရဲ့ အတွင်းစိတ်ကို
သေသေချာချာ မသိပဲနဲ့
ကိုယ်ထင်ရာ ကိုယ်ပြောနေတာဟာ

ကိုယ့်သိက္ခာ ကိုယ်ချနေတာဖြစ်လို့
သတိထားပြီး ဝေဖန်သင့်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏

မေတ္တာဖြင့်ပြန်လည်မျှဝေအပ်ပါသည်