ကန်စွန်းဥစားရင် ဆိုးကျိုးရှိပါသလား?

ကန်စွန်းဥက ကျန်းမာရေးနဲ့ညီညွှတ်တယ်ဆိုတာ ပြောပြစရာမလိုအောင် လူတော်တော်များများ သိပြီးသားဖြစ်မှာပါ။
ဒီအာဟာရပြည့်ဝတဲ့ကန်စွန်းဥကို ဝိတ်ကျချင်တဲ့သူတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာရှိတဲ့သူတွေ၊ အဆစ်ရောင်ရောဂါနဲ့
အစာအိမ်မှာ အနာဖြစ်တဲ့သူတွေကို စားသုံးဖို့ ထောက်ခံပေးထားပါတယ်။ အကုန်လုံးအတွက် ကန်စွန်းဥက ဘေးကင်းပေမဲ့
တချို့လူတွေ စားသုံးတဲ့အခါ နည်းနည်းဂရုစိုက်ပေးဖို့ လိုပါတယ်။ အများကြီးမစားဘဲ ဆင်ခြင်ပြီး စားပေးသင့်တဲ့သူတွေကတော့
ဆီးကျောက်တည်ရောဂါရှိသူ
ကန်စွန်းဉက အောဂဲနစ်အက်ဆစ်အမျိုးအစားဖြစ်တဲ့ Oxalate မြင့်မားပါတယ်။ ဆီးကျောက်တည်ရောဂါခံစားနေရတဲ့အခါ
ကန်စွန်းဥကို အများကြီးစားမယ်ဆိုရင် အဲဒီလူတွေအတွက် ပြဿနာဖြစ်လာနိုင်ပါတယ်။ Oxalate က ရှိနှင့်ပြီးသားကျောက်တွေပေါ်
နုန်းတင်လာပြီး ရောဂါလက္ခဏာနဲ့ နာကျင်မှုကို တိုးလာစေနိုင်ပါတယ်။ ကန်စွန်းဉက Oxalate ပါဝင်မှု မြင့်မားတဲ့အတွက်
ဆီးကျောက်တည်တတ်တဲ့သူတွေ ရှောင်သင့်ပြီး ရံဖန်ရံခါမှ စားသုံးသင့်ပါတယ်။
အစာအိမ်မအီမသာဖြစ်တဲ့သူ
ကန်စွန်းမှာ သကြားအယ်ကိုဟောလို့ ခေါ်တဲ့ ကာဗွန်ဟိုက်ဒရိုတ်အမျိုးအစားတစ်ခုဖြစ်တဲ့ မန်နီတော (Mannitol) လည်း
ပါဝင်ပါတယ်။ ဒီကာဗွန်ဟိုက်ဒရိုတ်အမျိုးအစားကို စားသုံးရင် အန္တရာယ်မရှိပေမဲ့ ပမာဏအများကြီးစားသုံးရင် အစာအိမ်မအီမသာ
ဖြစ်တဲ့သူတွေအတွက် ပြဿနာဖြစ်လာနိုင်ပါတယ်။ အစာအိမ်မအီမသာဖြစ်တဲ့အခါ ကန်စွန်းဉအများကြီးစားတာက အစာအိမ်နာတာ၊
ဝမ်းလျှောတာနဲ့ ဗိုက်အောင့်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်မကောင်းတဲ့သူတွေ ကန်စွန်းဉမစားတာအကောင်းဆုံးပါပဲ။
ဆီးချိုရောဂါသည်
အာလူးနဲ့ ယှဉ်ရင် ကန်စွန်းဥက သကြားဓာတ်ညွှန်းကိန်း (Glycemic Index) ပမာဏပိုနည်းပြီး ကျန်းမာရေးနဲ့ပိုပြီး
ညီညွှတ်တယ်လို့ မှတ်ယူထားတာပါ။ ကန်စွန်းဥကို စားသုံးတာက အင်ဆူလင်ရဲ့ တုံ့ပြန်နိုင်မှုကောင်းမွန်စေတဲ့နေရာမှာ အတောက်အကူ
ဖြစ်စေတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ အမျှင်ဓာတ်မြင့်မားပြီး GI နည်းပါးတဲ့ ကန်စွန်းဥက ခန္ဓာကိုယ်အတွင်းက
သကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်လို့လည်း ဆိုထားပါတယ်။ ဒါပေမဲ့ သွေးအတွင်းသကြားပမာဏမြှင့်တက်လာနိုင်တဲ့အတွက်
ကန်စွန်းဉကို ပမာဏအများကြီးမစားသုံးသင့်ပါဘူး။
နှလုံးပြဿနာရှိသူ
ပိုတက်စီယမ်ကြွယ်ဝတဲ့ ကန်စွန်းဥကလည်း နှလုံးပြဿနာဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်။ ဒါပေမဲ့ ကန်စွန်းဥအများကြီး
စားသုံးမယ်ဆိုရင် ပိုတက်စီယမ်ပမာဏများပြီး ပိုတက်စီယမ်မြင့်မားတဲ့ရောဂါဖြစ်တဲ့ hyperkalemia ရောဂါဖြစ်လာနိုင်ပြီး
နှလုံးသွေးကြောကျဉ်းရောဂါဖြစ်လာရခြင်းရဲ့ အကြောင်းအရင်းတစ်ခုဖြစ်လာနိုင်ပါတယ်။
အခြားဘေးထွက်ဆိုးကျိုးများ
ဗီတာမင်အေမြင့်မားတဲ့အတွက် ဒီဗီတာမင်ဓာတ်ကို အများကြီးစားသုံးတာက ဗီတာမင်လွန်ကဲခြင်းဖြစ်လာနိုင်ပါတယ်။
ဒီအခြေအနေရဲ့လက္ခဏာရပ်တွေကတော့ ခေါင်းကိုက်တာ၊ အရေပြားနီးမြန်းယားယံတာတွေပါပဲ။ အချိန်တော်တော်ကြာ
ဗီတာမင်အေအများကြီးစားသုံးတာက မျက်ခုံးမွေးအပါအဝင် အမွေးအမှင်ကျွတ်တာ၊ နှုတ်ခမ်းကွဲအက်တာ၊
အရေးပြားခြောက်သွေ့ကြမ်းတမ်းတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဗီတာမင်အေ အများကြီးစွဲသောက်မယ်ဆိုရင်လည်း အသည်း
ပျက်စီးလာနိုင်ပါတယ်။ အမျိုးသမီးတွေက တစ်နေ့ကို ဗီတာမင် အေကို ၇၀၀ မိုက်ခရိုဂရမ် နဲ့ အမျိုးသားတွေက တစ်နေ့ကို
၉၀၀ မိုက်ခရိုဂရမ် သောက်သုံးပေးဖို့ အကြံပြုထားပါတယ်။ အဲဒီပမာဏထက် ပိုပြီး သောက်သုံးမိရင် ဆရာဝန်ပြကြည့်သင့်ပါတယ်။
ဒါ့အပြင် ဆီးကျောက်တည်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးပြဿနာရှိတဲ့သူတွေက ကန်စွန်းဉမစားခင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။