ဆန်ဈေး တက်အောင် လုပ်နေသူတွေကို ဖော်ထုတ်အရေးယူမယ်

ဆန်ဈေး တက်အောင် လုပ်နေသူတွေကို ဖော်ထုတ်အရေးယူမယ်ဆိုပြီးတော့ မြန်မာနိုင်ငံ ဆန်စပါးအသင်းက ပြောကြားလိုက်ပါတယ်။

ဆန်စျေးမြင့်တက်စေရန်နှင့် စားသုံးသူပြည်သူများ အတွက် စိုးရိမ်ထိတ်လန့်စေရန် လှုဆော် ဆောင်ရွက်သူများ၊ Online ပေါ်တွင် စိုးရိမ်စိတ် တိုးပွါးစေရန် မမှန်သော စျေးနှုန်းများ၊ မမှန်သော သတင်းအချက်အလက် တင်နေသူများအား ဆန်စပါးလောက၏ ရေရှည်အကျိုး အတွက် ဝိုင်းဝန်းစိစစ်ဖော်ထုတ်ပြီး သတိပေးရန် နှင့် စည်းရုံးပညာပေးရန်၊ မထူးခြားပါက သက်ဆိုင်ရာသို့ တင်ပြရန် စီစဉ်ဆောင်ရွက်မယ်ဆိုပြီး ထုတ်ပြန်လိုက်တာပါ။