ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံသူများ လွတ်မြောက်လာ

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား (၁၇၁) ဦးတို့ဟာ ဧပြီ (၂၄) ရက် နေ့လယ်ပိုင်းက ကော့သောင်းသို ပြန်လည်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

၎င်းတိုကို ထိုင်းနိုင်ငံ အာဏာပိုင်တွေက ရနောင်း ရေဆိပ်ကနေ ကော့သောင်းမြိုမတံတား ရေဆိပ်အထိ ရေယာဥ်တွေနဲ့ ပို့ဆောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူတွေက ပြန်လည်လက်ခံခဲ့တာဖြစ်ပါတယ်။

ပြန်လည်ဝင်ရောက်လာသူတွေထဲမှာ အမျိုးသား (၁၂၆) ဦးနဲ့ အမျိုးသမီး (၄၅) ဦး ပါဝင်ပြီး ၎င်းတိုကို ကိုဗစ် ၁၉ ရောဂါ စစ်ဆေးစောင့်ကြပ်မှုများ ပြုလုပ်ထားမှုနဲ့အတူ ကိုယ်ရေးအချက် အလက် စစ်ဆေးခြင်းတွေကိုပါ ပြုလုပ်ထားပြီးမှ စိစစ်လက်ခံခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။