ပင်းတယ မူလတန်းကြိုကျောင်းမှမိဘဆရာများနှင့်မူကြိုကျောင်းရှိကလေးငယ်ကျောင်းသားကျောင်းသူများစုပေါင်းကထိန်အလှူတော်မင်္ဂလာပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်းဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ဆင်ခေါင်းရပ်ကွက်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အစိုးရလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူမှုဝန်ထမ်းဦးစီးဌာနပင်းတယမူလတန်းကြိုကျောင်းမှ

မိဘဆရာများနှင့်မူကြိုကျောင်းတက်ရောက်နေသည့်ကလေးသူငယ်များစုပေါင်း၍ ဆင်ခေါင်းဘုန်းတော်ကြီးကျောင်းသို့ ကထိန်သင်္ကန်းနှင့်

ပဒေသာပင်ငယ်များသွားရောက်ပို့ဆောင်ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကိုယနေ့နိုဝင်ဘာလ၄ရက်(တန်ဆောင်မုန်းလဆန်း၁၂ရက်)နေ့

နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ မိဘဆရာများဝိုင်းဝန်းစုဆောင်းငွေများlမူကြိုကလေးငယ်များ၏မုန့်ဖိုးစုဆောင်းငွေများဖြင့် ငွေကျပ်စက္ကူတန်ဖိုးအရွယ်စုံ

ရှစ်သိန်းကျော်ရှိငွေပဒေသာပင်ငယ်(၄)ပင်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းအမျိုးမျိုးပဒေသာပင်ငယ်(၁)ပင်တို့ကို မူကြိုကျောင်းတက် ကလေးသူငယ်များက

ဝိုင်းဝန်းစုပေါင်းထမ်းရွက်ခြင်းနှင့် ကလေးသူငယ်မများက ငွေစက္ကူအမျိုးမျိုးပါရှိပြီးစုစုပေါင်းငွေကျပ်တစ်သိန်းကျော်ပါရှိသည့်ယပ်တောင်

ငွေပန်းခိုင်ငယ်များကိုင်ဆောင်ကာ မူကြိုကျောင်းအုပ်ဆရာမဒေါ်စမ်းစမ်းထွေးနှင့်ကလေးများ၏မိဘများကဓနုအိုးစည်ဝိုင်းဖွဲ့တီးခပ်ဦးဆောင်စီတန်းလှည့်လည်​ကာ

ဆင်ခေါင်းရပ်ကွက်ရှေးဟောင်းဆင်ခေါင်းကျောင်းတော်ကြီးထံသို့ကထိန်အလှူပွဲတော်ကျင်းပရန်သွားရောက်ခဲ့ကြောင်းသိရှိရသည်။

ထို့နောက်စုပေါင်းအလှူရှင်များကဆင်ခေါင်းဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်အားရှိခိုးဦးချကန်တော့ကြ၍ ဆရာတော်ထံငါးပါးသီလခံယူဆောက်တည်ကြပြီး

ကထိန်သင်္ကန်းနှင့်ငွေ/ပစ္စည်းပဒေသာပင်များဆက်ကပ်လှူဒါန်းခဲ့ကြကာလှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါကြောင်းသိရှိရပါတယ်ရှင်။