အခက်အခဲများကြားက ပြင်ဆင်ပြီးစီးခဲ့ပြီတဲ့ ဘီးလင်း (ကျုံအိတ်) တံတား

KNU တို့ရဲ့ အမျိုးမျိုးသော အနှောင့်အယှက်များကို ရင်ဆိုင်ပြီးအရပ်ဘက်၊စစ်ဘက် အင်ဂျင်နီယာများက အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ဆိုတာ ပြည်သူလူထုတွေ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကို အလျှင်မြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ပေးနေမှုများကို အကြမ်းဖက်PDF/KNU များအနေနဲ့ အဖျက်အစီးလုပ်ငန်းတွေကိုသာ အဆက်မပြတ်ဆောင်ရွက်ခဲ့ပါတယ်။ ဘီလင်း(ကျုံအိတ်) တံတားရဲ့ သမိုင်းမှာတော့ KNU တို့ရဲ့ ဆိုးရွားတဲ့လုပ်ရပ်ကတော့ နောင်လာနောင်သားတွေအထိ ကျန်ရှိနေတော့မှာ ဖြစ်ပါတယ်။ တံတားတည်ဆောက်ရေးအတွက် ဆောင်ရွက်ပေးခဲ့တဲ့ အင်ဂျင်နီယာများ၊ တပ်မတော်သားများနဲ့ တံတားလုံခြုံရေးကို စောင့်ရှောက်ပေးခဲ့သည့် လုံခြုံရေးအဖွဲ့များ၊ အုပ်ချုပ်မှုကိစ္စအဝဝကို စီစဉ်ပေးခဲ့သည့် အကြီးအကဲများအားလုံးကို ခရီးသွားပြည်သူများက ကျေးဇူတင်လျှက်ရှိကြောင်း သိရှိရပါတယ်။