မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အနေကဇာတင်လှူပူဇော်ခြင်း အခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားကို ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့ ဩဂုတ်လ (၁) ရက် အင်္ဂါနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်၊ ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်၌ ကျင်းပမည်ဖြစ်ပါသည်။

အဆိုပါအခမ်းအနားကျင်းပပုံများကိုယင်းနေ့နံနက် ၅ နာရီ ၄၅ မိနစ်မှ စတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV Channel များ၊ Skynet Buddha Channel၊  မဟာဗောဓိရုပ်သံလိုင်း၊ Channel -7 ၊ 5 –Plus ၊ Readers’ Channel၊ Media N၊ MWD – HD Channel ၊ MWD Variety HD Channel ၊ MITV ၊ MOI Website ၊ MOI Youtube ၊ MRTV Website နှင့် မြန်မာ့အသံရေဒီယို၊ သဇင်FM၊ Star FM တို့မှတိုက်ရိုက် (LIVE) ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။