နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၆) လ သက်တမ်းထပ်တိုးပြီ

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ဇူလိုင်လ ၃၁ ရက်နံနက်ပိုင်းက ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို နောက်ထပ် ၆လ သက်တမ်းတိုးမြှင့်လိုက်ကြောင်း သိရပါတယ်။ အဆိုပါအစည်းအဝေးသို့ ဒုသမ္မတ ၂ ဖြစ်သူ ဦးဟင်နရီဗန်ထီးယူလည်း ပါဝင် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။