ယူကရိန်းက ရုရှားကို မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်

မော်စကိုကို ယူကရိန်းက ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ရုရှားတွေက စွပ်စွဲပြီး နာရီပိုင်းအကြာတွင်ပင် “စစ်ပွဲက ရုရှားဖက်ပြန်လှည့်ပြီ” ဟု ယူကရိန်းသမ္မတ ဇလန်းစကီးကပြောကြားလိုက်သည်။

မောင်းသူမဲ့လေယာဉ် ၃ စင်းကို ဇူလိုင်လ ၃၀ ရက် တနင်္ဂနွေနေ့က ကြားဖြတ်ဟန့်တားခဲ့သော်လည်း မြိုတော်အနောက်ဘက်ရှိ စီးပွားရေးနှင့် ဈေးဝယ်စင်တာတစ်ခု ထိခိုက်မိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အထပ် ၅၀ အမြင့်ရှိ အဆောက်အအုံ၏ ပဉ္စမနှင့် ခြောက်ထပ်တို ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုမရှိကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ TASS က ဖော်ပြခဲ့သည်။