ရုရှားသမ္မတက နိုင်ငံသားများအား အရန်အင်အားအဖြစ်ပါဝင်ရန်တိုက်တွန်း

ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၀၂၃ ခုနှစ်အတွင်း ရုရှားနိုင်ငံသားများအား စစ်သင်တန်းပေးရေးဆိုင်ရာအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း မေလ ၁၀ ရက်တွင် ရုရှားနိုင်ငံ၏တရားဝင်ဝက်ဘ်ဆိုဒ်၌ ဖော်ပြခဲ့ပါတယ်။ ရုရှားနိုင်ငံသားများအား ရုရှားတပ်မတော်၊ ရုရှားအမျိုးသားအစောင့်တပ်၊ နိုင်ငံတော်လုံခြုံရေးအေဂျင်စီများနှင့် ဖက်ဒရယ်လုံခြုံရေးတပ်ဖွဲ့များရှိ စစ်ရေးလေ့ကျင့်ခန်းများတွင် အရန်အင်အား အဖြစ်ပါဝင်ရန် တိုက်တွန်းထားကြောင်း အဆိုပါအမိန့်တွင်ဖော်ပြထားပါတယ်။

အရန်တပ်ဖွဲ့များအား စစ်သင်တန်းပေးမှုသည် အရန်တပ်ဖွဲ့များ၏ စစ်ရေးကျွမ်းကျင်မှု တိုးတက်ကောင်းမွန်စေရန်ဖြစ်ပြီး နှစ်စဉ်ပြုလုပ်လျက်ရှိကြောင်းသိရပါတယ်။